ပေါက်ခေါင်းမြို့တွင်ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲဆိုင်ရာဆင့်ပွား သင်တန်းဖွင့်လှစ်

ပေါက်ခေါင်း  စက်တင်ဘာ  ၁၇

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့တွင်  မြို့နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲက  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့်ပါတီစုံဒီမို ကရေစီအထွေထွေ‌ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များအား ယနေ့နံနက်က အထက (ပေါက်ခေါင်း) ရွှေရတုခန်းမတွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းတာဝန်များ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များထုတ်ပြန်ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲပဒေ နည်းပဒေ များစသည့် ဘာသာရပ်များကိုသင်ကြားပို့ချပေးမည်ဖြစ်သည်။ ယင်းသင်တန်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တစ်ကြိမ်လျှင်သင်တန်းသား ၃၀ ဦးနှုန်းဖြင့် တစ်နေ့ ၂ ကြိမ် သင်တန်းပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)