ကျိုက်မရော စက်တင်ဘာ ၁၉
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀)ကို ယမန်နေ့လယ် ၂ နာရီက ကျိုက်မရောမြို့ အတ္တရံ ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းအစည်းအဝေးတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းရှင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိသဲလင်းက ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဖွဲ့ဝင်များအနေဖြင့် လိုက်နာဆောက်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်း ရေးကော်မတီအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၏ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲတွင် မဲစာရင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပေါ်လာပါက ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်များနှင့် အညီ စေ့စပ်ညှိနှိုင်း ပေးခြင်း၊ စီမံခန့်ခွဲရေး အုပ်ချုပိရေးနှင့်လုံခြုံရေးဆိုင်ရာ စသည့်အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)