မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း Community Base Facility Quarantine Centre သို့ စားသောက်ကုန်ကျစရိတ်အတွက် အလှူငွေများ လာရောက်လှူဒါန်း

မင်္ဂလာဒုံ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်း ရောဂါကူးစက်ပျံ့နှံမှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း Community Base Facility Quarantine Centre တွင် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင် စောင့်ကြည့်မှုများ ဆောင်ရွက်ထားရှိပြီး Quarantine ဝင်ရောက်နေသူနှင့် ကူညီဆောင်ရွက်ပေးသူ စေတနာ့ဝန်ထမ်းများအတွက်  စားသောက်ကုန်ကျစရိတ်များကို ယမန်နေ့ မွန်းလွဲ ၃ နာရီ၌ အဆိုပါ စင်တာသို့ အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ ဧကရာဇ်ရပ်ကွက်မှ အလှူရှင် ဦးလင်းကျော်နှင့် အဖွဲ့က ယမန်နေ့ နံနက်၊ နေ့လယ်အတွက် ထမင်းဘူး( ၁၀၀ ) ဘူးနှင့် ညစာအတွက် ထမင်းဘူး (၁၅၀) ဘူး၊ ထောက်ကြန့် ရတနာစျေး ၊ ရွှေမင်းသမီးရွှေဆိုင် မိသားစုမှ အလှူငွေ (၄)သိန်းကျပ် ၊ ရတနာစျေး ၊ ပိုက်လုံးတန်း မိသားစုမှ နှစ်ရက်စာအတွက် (၇၆၀,၀၀၀)ကျပ် အသီးသီး ပေးအပ်လှူဒါန်းခဲ့ရာ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် ကော်မတီဝင်တို့က လက်ခံခဲ့ကြောင်း သိရသည်။

ဇင်ငြိမ်း(ပြန်ဆက်)