ကမာရွတ်၊ စက်တင်ဘာ ၁၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များတွင် Primary Content ပုဂ္ဂိုလ်များအတွက် မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင် (စန္ဒီပရဆေး) ကုမ္ပဏီမှ ရေသန့်ဗူး (၁၂၉၆) ဗူး၊ Mask (၂၅) ဗူး၊ ရေမလိုလက်သန့်ဆေးရည် (၁၀၈) ဗူးနှင့် ငွေကျပ် (၅၀၄၀၀၀) တို့အား ယမန်နေ့ နေလည်ပိုင်းက လာရောက်လှူဒါန်းခဲ့သည်။ အလားတူ မင်းချမ်းသာ (ဆောက်လုပ်ရေးကုမ္ပဏီ) မှလည်း ဆန် (၃) အိတ်၊ ဆီ (၁) ဖာ၊ Mask (၂၀) ထုတ်ပါ (၅၀) ဖာတို့ကိုလည်း လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလာရောက်လှူဒါန်းမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)