လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကူးစက်ပျံ့နှံမှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့် လူနာများ အား သီးခြား နေထိုင်စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးအတွက် Quarantine Center ဖွင့်လှစ် ထားရှိမည့် အစိုးရသက်မွေးကျောင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် Quarantine Center အဖြစ်အသုံးပြုနိုင်ရန် ယမန်နေ့မွန်းလွဲပိုင်းက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ စေတနာဝန်ထမ်း ပရဟိတအဖွဲ့များမှ အစိုးရသက်မွေးကျောင်းရှိ သင်တန်းသား အိပ်ဆောင်များ၊ ရေချိုးခန်း၊ အိမ်သာများနှင့် ကျောင်းဝင်းအတွင်း မြေဖို့ခြင်းလုပ်ငန်းများကို Covid-19 Quarantine Center အဖြစ်ပြန်လည် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)