ကလေးဝမြို့တွင် ဌာနဆိုင်ရာများအား ပါးစပ်၊ နှာခေါင်းစည်း Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေ

ကလေးဝ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ရေးကော်မတီက ဌာနဆိုင်ရာများအား ပါးစပ်နှာခေါင်းစည်း Mask နှင့် Face Shield များကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အခမဲ့ ဖြန့်ဝေ ခဲ့သည်။

မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသိ ပညာပေးလုပ်ငန်းများနှင့် မိမိတို့ဌာနတာဝန် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာဦးစီးဌာန ၃၇ ဌာနအား ပါးစပ် နှာခေါင်းစည်း Mask နှင့် Face Shield များအား အခမဲ့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)