မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် အပူချိန်တိုင်း ကိရိယာ (Thermometer) များ ရပ်/ကျေး စာရေးဝန်ထမ်းများထံ ထပ်ဆင့်ပေးအပ်

မောက်မယ်၊ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဖြန့်ဝေသည့် Thermometerများကိုရပ်/ကျေးစာရေးဝန်ထမ်းများထံယမန်နေ့ညနေ၄နာရီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌   မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးဟန်သူရနှင့်  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင် ဇော်ဦးတို့က ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြန့်ဝေသည့်Medical Forehead Infrared Thermometer များသည်COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အသုံးပြုရန်အတွက်လည်းကောင်း၊ ကိုဗစ် - ၁၉ ရောဂါကာလအတော အတွင်း ရပ်/ကျေးစာရေးဝန်ထမ်းများအနေဖြင့် ပြည်သူထံသို့ ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ရာတွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ် လုပ်ငန်များ ကွင်းဆင်းဆောင်ရွက်ရာတွင်လည်းကောင်း၊ စီးပွားရေးကုစားမှု (COVID-19 Economic Relife Plan) (CERP)အစီအစဉ်အရ ငွေကြေးနှင့်ထောက်ပံ့ပစ္စည်များ သွားရောက်ပေးအပ်ရာတွင် လည်း ကောင်း များစွာအထောက်အကူပြုလျက်ရှိကြောင်း ရပ်/ကျေးစာရေးဝန်ထမ်းများ၏ ပြောကြားချက်အရ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)