တံတား စက်တင်ဘာ ၁၉
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော လူတန်းစားများအား နိုင်ငံတော်မှ စတုတ္ထအကြိမ်မြောက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းကစ၍ တာဝန်ရှိသူများက ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ရပ်ကွက်ရုံးများ၌ ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပထမဆုံးအကြိမ်အဖြစ် အခြေခံလူတန်းစားများအား စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ပြီး ငွေကျပ်ထောက်ပံ့ခြင်းမှာ စတုတ္ထအကြိမ် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်မှ ငွေကျပ် ထောက်ပံ့ခြင်းကို ပထမအကြိမ်တွင် (၁၅,၀၀၀)ကျပ်၊ ဒုတိယအကြိမ်တွင် ငွေကျပ်(၂၀,၀၀၀)နှုန်း၊ ယခုတတိယအကြိမ်တွင် ငွေကျပ်(၂၀,၀၀၀)နှုန်းတို့ကို ထောက်ပံ့ပေးခဲ့ရာ တံတားမြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း (၁၃၀၂) စုတို့အား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တင်နိုင်ဝင်း (တံတား)