ခင်ဦးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု (၂၈၆၅၇) စုအတွက် ထောက်ပံ့ငွေများပေးအပ်

ခင်ဦး ၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများကို စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် အိမ်ထောင်စု (၂၈၆၅၇) အတွက် ထောက်ပံ့ငွေစုစုပေါင်း (၅၇၃၁,၄၀၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုသို့ ထောက်ပံ့ရာတွင်လည်း တိကျမှန်ကန်စွာရရှိစေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ကျေးရွာအလိုက်တာဝန်ခွဲဝေချထားပေးပြီး ဌာနဆိုင်ရာအကြီးအကဲများက ဦးဆောင်ကြီးကြပ်၍ ထောက်ပံ့ငွေများကို ပြည်သူများထံ လက်ဝယ်အရောက် ခွဲဝေပေးလျှက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးချိုလင်းအောင်ထံက သိရသည်။

စိုးဝေအောင်(ခင်ဦး)