ကြံခင်း၊ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စီးပွားရေးကုစားမှုအနေဖြင့် နိုင်ငံတော်အစို့းရက အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးသော ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက အလုံအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် အလုံအုပ်စုအတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၄၈၁)စု ရှိရာ တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၉၆၂၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို အလုံအုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးမြင့်နှင့်တာဝန်ရှိသူများက အိမ်ထောင်စုတစ်စုချင်းစီအလိုက်ကိုယ်တိုင်ယူစနစ်ဖြင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)