ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနှင့် ကားအတူ စီးခဲ့သောသူများ အပါအဝင် (၈၈) ဦး၏ အာခေါင်၊ နှာခေါင်းတို့ပတ်(swap) ဓာတ်ခွဲနမူနာများ ရယူကာ ဓာတ်ခွဲရန်ပေးပို့

ခင်ဦး  စက်တင်ဘာ ၁၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက် ဒီပဲယင်းမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာနှင့် ကားအတူစီးခဲ့သောသူများအပါအဝင် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိ လာသူများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ သက်ဆိုင်ရာကျေးရွာများ အလိုက် ကန့်သတ်စောင့်ကြည့်ထားရာ ယနေ့နံနက်ပိုင်းက ၎င်းတို့တွင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ယင်းတို့ထံမှ အာခေါင်၊ နှာခေါင်းတို့ပတ်(swap) ဓာတ်ခွဲနမူနာများ ရယူကာ မန္တလေးမြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

ထိုသို့ အာခေါင်၊ နှာခေါင်း တို့ပတ်(swap) ဓာတ်ခွဲနမူများရယူရာတွင် သက်ဆိုင်ရာ ကျေးလက် ကျန်းမာရေးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများက ရန်ကုန်ပြန်များဖြစ်သော မြင်းဒေါင်းကျေးလက် ကျန်းမာရေးဦးစီးဌာနမှ (၁၅) ဦး၊ ညောင်ပင်ကြီးစု ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ (၂) ဦး၊ ပေါင်းလှဲကုန်း ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ (၅) ဦး၊ မဒေါင်းလှ ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ (၁၉) ဦး၊ ညောင်ကန်ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ (၇) ဦး၊ ငါးတင်းကြီး ကျေးလက် ကျန်းမာရေးဦးစီးဌာနမှ (၂၃) ဦး၊ တမာကျေးလက်ကျန်းမာရေးဦးစီးဌာနမှ (၆) ဦး၊ ကဘွက် ကျေးလက် ကျန်းမာရေးဦးစီးဌာနမှ (၁၁) ဦး စုစုပေါင်း (၈၈) ဦးတို့၏ အာခေါင်၊ နှာခေါင်း တို့ပတ် (swap) များကို ရယူကာ ပေးပို့ထားကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

စိုးဝေအောင်(ခင်ဦး)