ချီဖွေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ဟန့်တား၊ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချီဖွေ၊ စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ သို့ထွက်ခွာသွားလာရာကြရာတွင် နှာခေါင်း စည်း(Mask) များ တပ်ဆင်သွားလာကြစေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးအသိပညာပေးခြင်းကို ယနေ့နံနက်(၈)နာရီက ချီဖွေမြို့နယ် လမ်းဆုံလူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒု-ရဲအုပ် နိုင်ထွန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင် အရာရှိ ဦးဇောင်းရယ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဖွဲ့ဝင်တို့ပူးပေါင်း၍ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူများအား ဒဏ်ငွေ(၅၀၀၀) ပေးဆောင်စေပြီး နှာခေါင်းစည်း (Mask) (၅)ခု ပေးဝေကာ ဒဏ်ရိုက်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့မှ ချီဖွေမြို့နယ်ပြည်သူများ နေအိမ် ပြင်ပ ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာစေရန် ရည်ရွယ်၍ စက်တင်ဘာလ(၅) ရက်နေ့မှစ၍ စက်တင်ဘာ(၁၉)ရက်ထိ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူ(၁၄)ဦးအား တစ်ဦးလျှင်ဒဏ်ငွေ (၅၀၀၀)ပေးဆောင်စေပြီး နှာခေါင်းစည်း (Mask) (၅)ခုစီ ပေးဝေ အရေးယူဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နန်းမြင့်(မြို့နယ် ပြန်/ဆက်)