ဝါးခယ်မမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၈၀၀၀ ကျော် အတွက် ထောက်ပံ့ငွေများ ပေးအပ်

ဝါးခယ်မ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၈၀၀၀ ကျော်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀  နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄၅ အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို အလျှင်အမြန် ထောက်ပံ့ပေးအပ်ရန် မြို့နယ်အတွင်းရှိ အိမ်ထောင်စု ပေါင်း (၂၈၅၈၉)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ နှစ်သောင်းကျပ်နှုန်းဖြင့် (၅၇,၁၇၈၀,၀၀၀) ကျပ် (၅၇၁၇) သိန်းကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ အခြေခံလူတန်းစားများ လက်ဝယ် ရရှိစေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ က နယ်မြေအလိုက် ကြီးကြပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ပြီးခဲ့ သည့် ဧပြီလပိုင်းမှစတင်၍ အခြေခံစားသောက်ကုန်ငါးမျိုးကို ပထမအကြိမ် အဖြစ်လည်းကောင်း၊ ဒုတိယအကြိမ် မြောက် တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအတွက် ငွေကျပ် တစ်သောင်းခွဲနှုန်းဖြင့် လည်းကောင်း၊ တတိယ၊ စတုတ္ထ ၊ ယခု ပဥ္စမအကြိမ်တို့တွင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ငါးကြိမ်တိုင်တိုင် ထောက်ပံ့ပေး အပ်လျက်ရှိကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)