မိုင်းပန်မြို့နယ်၊ မိုင်းဟောင်းကျေးရွာ၌ ကိုဗစ်− ၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မိုင်းပန်     စက်တင်ဘာ    ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန် မြို့နယ်တွင် ယမန်နေ့ နံနက်(၇) နာရီအချိန်က မြို့နယ်အထွေထွေ အုပ် ချုပ်ရေးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ၊ မိုင်းပန် စက်ဘီးစီးအဖွဲ့ နှင့် မိုင်းပန်မြို့နယ် စေတနာ့ဝန်ထမ်း များအသင်းတို့ပူးပေါင်း၍ မိုင်းဟောင်းကျေးရွာသို့ သွားရောက်ကာ ကိုဗစ်−၁၉  ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှထုတ်ပြန် ထားသည့် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များပါရှိသည့် စတစ်ကာများအား နေအိမ်အဝင်ဝများတွင် ကပ်ပေးခြင်း၊ နေအိမ်ရှိ ပြည်သူများအား အပူချိန်တိုင်းတာစစ်ဆေးပေးခြင်းတို့အပြင်ကျေးရွာနေပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာ၍ အပြင်ထွက်ရ ပါက နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့ အကျင့်ကောင်း ရရှိစေရန်အတွက် မိုင်းဟောင်းကျေးရွာ အတွင်းရှိ နေအိမ် (၆၉) လုံးသို့ အိမ်ပေါက်စေ့ သွားရောက်၍ နှာခေါင်းစည်း (Mask) များ ပေးဝေကာ စနစ်တကျ တပ်ဆင်နည်းများ မျှဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါကျေးရွာ၌ နှာခေါင်းစည်း (Mask) အခု ၃ဝဝ ပေးဝေခဲ့ကြောင်း နှင့် ကျန်းမာရေးဆိုင်ရာအသိပညာ များလည်း မျှဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)