ဇမ္ဗူသီရိ စက်တင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ် ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းက ထောက်ပံ့ငွေ ပေးအပ်ရခြင်းရည်ရွယ်ချက်၊ ထောက်ပံ့ငွေများကို အခြေခံလူတန်းစားများထံ လက်ဝယ်အရောက် အမြန်ထုတ် ပေးသွားရန်၊ ထောက်ပံ့ငွေများကို ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန် ချက်များနှင့်အညီ လူစုလူဝေး မဖြစ်စေရေးအတွက် တစ်အိမ်တက်ဆင်း အိမ်တိုင် ရာရောက် စနစ်တကျ ထုတ်ပေးသွားရန် စသည်တို့ကို ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်အတွင်း ယခင်ပထမအကြိမ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်း ငါးမျိုးကို အိမ်ထောင်စုပေါင်း (၅၅၁၉) စုအားလည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ငွေကျပ်တစ်သောင်းငါးထောင်စီအား အိမ်ထောင်စုပေါင်း (၃၂၉၉) စုအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ငွေကျပ် နှစ်သောင်းစီအား အိမ်ထောင်စုပေါင်း (၈၈၁၈) စုအားလည်းကောင်း၊ တတိယအကြိမ်အဖြစ် ငွေကျပ် နှစ်သောင်းစီ အား အိမ်ထောင်စုပေါင်း (၈၈၁၈) စုအတွက်လည်းကောင်း ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုအခါ စတုတ္ထ အကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် အိမ်ထောင်စုပေါင်း (၈၈၁၈) စုအတွက် ငွေကျပ် (၁၇၆၃၆၀၀၀၀) ကို ထပ်မံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)