ပေါင်းတည်မြို့၌ စေတနာ့ဝန်ထမ်းအဖွဲ့များအား ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေး အထောက်အကူပြုလုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေပေးအပ်လှူဒါန်း

ပေါင်းတည်       စက်တင်ဘာ     ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး အထောက်အကူပြု လုပ်ငန်းများတွင် ဆောင်ရွက်လျက်သည့် စေတနာ့ဝန်ထမ်းအဖွဲ့ (၅)ဖွဲ့သို့ အထောက်အကူ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေပေးအပ်ခြင်းကို စက်တင်ဘာလ (၁၈) ရက်နေ့ညနေပိုင်း က ပေါင်းတည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများမှ လှူဒါန်းငွေ ၁၅၀၀၀ဝိကျပ်မှ သီးခြား ၃၀၀၀ဝိ ကျပ် စီအား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းသည့်အစီအစဉ်တွင် မြို့နယ်အားကစားခန်းမရှိ FQC စင်တာ ကျန်းမာရေးစစ်ဆေးမှုဂိတ် မြို့မအထက FQC စင်တာ Mask ဖမ်းဆီးကြီးကြပ်ရေးအဖွဲ့နှင့် ရွှေတောင်လမ်းလုံခြုံရေးစစ်ဆေးမှုဂိတ်ရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အပါအဝင် စုစုပေါင်းအဖွဲ့ (၅)ဖွဲ့အား ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်ရည်ရွယ်၍ လှူဒါန်းခဲ့ကြောင်း ရပ်/ကျေးစာရေးဝန်ထမ်း ဦးရဲမြင့်ဇော် က ပြောကြားသည်။

တင်ဝင်းဇော်(မင်းသားကြီး)