ကျေးသီး စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂၀၀၀၀/-နှုန်းဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက တတိယအကြိမ် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိများ၊ ကျေးရွာအုပ်စုစာရေးတို့က ကျေးသီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၂)အုပ်စု အတွက် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး အခြေခံ လူတန်းစား အိမ်ထောင်စုများလက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)