ကျိုက်မ​ရောမြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ် ထိန်းချုပ်​နိုင်ရေးအတွက် နှာ​ခေါင်းစည်း(mask) ၃၅၀၀ လာ ရောက်လှူဒါန်း

ကျိုက်မ​ရော စက်တင်ဘာ ၂၀

​ကျိုက်မ​ရောမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးလုပ်ငန်းများ​ ဆောင်ရွက်ရာတွင် ပါဝင်ကူညီ​ဆောင်ရွက်​ပေး​နေကြသည့် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ​၊ ကျေးလက်​နေပြည်သူများအား ကိုဗစ်-​၁၉​ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း​စေ​ရေးအတွက် ပါးစပ်ပိတ်နှာ ခေါင်းစည်း(mask) များ လှူဒါန်းပွဲကို ယမန်​​နေ့ နံနက် ၉ နာရီက မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ ​မော်လမြိုင်မြို့နှင့် လွန်စွာနီးကပ်လျက်ရှိ​နေ​​သော ကျိုက်မ​ရောမြို့ရှိ ဌာနဆိုင်ရာရုံးဝန်ထမ်း များနှင့် ​မြို့နှင့် အလှမ်း​ဝေး​သော ​ကျေးရွာများရှိ ပြည်သူများ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးတွင် အ​ထောက်အကူဖြစ်​စေရန်အတွက် ယခုလို လာ​ရောက်လာ​ရောက်လှူဒါန်း​ပေးရခြင်းဖြစ်​ကြောင်း (mask) အလှူရှင်ဖြစ်သည့် ​မော်လမြိုင်မြို့၊ ဘိုကုန်း ရပ်ကွက်မှ ဦး​အေးဝင်းက  နှာ​ခေါင်းစည်းများ လာ​ရောက် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ​ရှင်းလင်းပြောကြားခဲ့သည်။ ထို့​​နောက် အလှူရှင်များက နှာ​ခေါင်းစည်း( mask) ခု​ရေ စုစု​ပေါင်း(၃၅၀၀)ကို​ ပေးအပ်လှူဒါန်းရာ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လက်ခံရယူခဲ့​ပြီး ​ကျေးဇူးတင်ဂုဏ်ပြု​မှတ်တမ်းလွှာ ပြန်လည်​ပေးအပ်ခဲ့​ကြောင်း သိရ သည်။

ချိုချို(ပြန်/ဆက်)