ရန်ကုန် စက်တင်ဘာ ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီသို့ ဒိန်းမတ်သံရုံးမှ တန်ဘိုးငွေ(၉၀)သိန်းခန့် တန်ဘိုးရှိ Reversible cloth mask (၁၅၀၀၀)ခုနှင့် ကွယ်လွန်သူဖခင်ကြီး ဦးမြင့်သိန်းအား ရည်စူး၍ သားသမီးများမှ အလှူငွေကျပ်(၁၁)သိန်း၊ ဒေါက်တာကျော်စွာဦးမှ အလှူငွေကျပ် (၂)သိန်း၊ Dr.ခင်ဂုဏ်ရည်ဝင်း၊ မောင်ဘုန်းပြည့်နိုင် (ကြက်တောင်လက်ရွေးစင် ကစားသမား) မှ အလှူငွေကျပ်(၁၀)သိန်း၊ ဦးအောင်လင်း+ဒေါ်စန်းစန်းမြင့် (မင်းဒင် ပဲငံပြာရည်) ဆ/ခ ရပ်ကွက် သင်္ဃန်းကျွန်းမှ အလှူငွေကျပ်(၇၀)သိန်း၊ ဦးစိုးမော်+ဒေါ်သင်းသင်းအေးမှ အလှူငွေကျပ်(၁၀)သိန်း၊ ဦးလှသန်း (ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူး) သင်္ဃန်းကျွန်းမြို့နယ်မှ အလှူငွေကျပ်(၅)သိန်း (အထက(၄)သင်္ဃန်းကျွန်း) ငယ်သူငယ် ချင်းများ နှင့် ပရဟိတမိတ်ဆွေများမှ အလှူငွေကျပ်(၅)သိန်း၊ ကိုမင်းမောင်မောင်မျိုး+မမြဉ္ဇူ (ဆ/က)ရပ်ကွက်၊ သင်္ဃန်းကျွန်းမှ အလှူငွေကျပ်(၂)သိန်းတို့ကို သင်္ဃန်းကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးရုံးသို့ ယမန်နေ့ နံနက်ပိုင်းအချိန်က လာရောက်လှူဒါန်းခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က လက်ခံရ ယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ Quarantine Centre တစ်ခုကို (သင်္ဃန်းကျွန်း ပညာရေးကောလိပ်)တွင် ထပ်မံဖွင့်လှစ်ကာ သင်္ဃန်းကျွန်းမြို့နယ်မှ Quarantine ဝင်ရောက် နေသူ (၁၀၀) ဦးနှင့် ကူညီဆောင်ရွက်ပေးသူ စေတနာ့ဝန်ထမ်း(၂၀)ဦး စုစုပေါင်းလူဦးရေ (၁၂၀)ဦး အတွက် တစ်ရက်စာ စားသောက်ကုန်ကျစရိတ်(၁)ဦး (၅၀၀၀)ကျပ်နှုန်းဖြင့် တစ်ရက်(၆)သိန်းကျပ်နှုန်း လိုအပ်လျက်ရှိရာ စေတနာရှင်ပြည်သူများမှ လာရောက်လှူဒါန်း နိုင်ကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)