မြန်အောင် စက်တင်ဘာ ၂၀
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ခြင်းနှင့် လူနေအိမ်ပေါ်သို့ သစ်မကျီးပင် ပြိုလဲမှု တို့ မြန်အောင်မြို့နယ်အတွင်း ယနေ့ နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာအုပ်စု ညောင်ရွှေမြိုင်ကျေးရွာတွင် နံနက် ၅ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဦးနိုင်မင်းထွန်း၏ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်အမိုးလန်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် မြန်အောင်မြို့နယ် ကျွဲတဲကုန်းကျေးရွာအုပ်စု ငှက်ကြီးသိုက်ကျေးရွာတွင် နံနက် ၁၀ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဒေါ်ခင်ရွှေ၏ နေအိမ်ပေါ်သို့ သစ်မကျီးပင် ပြိုလဲခဲ့ ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိ ခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)