မြစ်သားမြို့၌ သိုလှောင်ရုံ၌ ထားရှိသည့် အရေးပေါ်ရိက္ခာစားဆီများအားစစ်ဆေး

မြစ်သား စက်တင်ဘာ ၂၀

နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော်အရေးပေါ်ရိက္ခာဆီပုံး (၂၇၂၀) ပုံးကို  မြစ်သားမြို့နယ် စိုက်ပျိုးရေး သုတေသနဦးစီးဌာန သိုလှောင်ရုံ၌ ယမန်နေ့ နံနက် (၁၀)နာရီက  မြို့နယ်သိုလှောင်မှု ကြီးကြပ်ရေးအဖွဲ့ များက  သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အရေးပေါ်ရိက္ခာ စားအုံးဆီများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြစ်သားမြို့နယ်တွင် အရေးပေါ် ရိက္ခာစားဆီ များကို မြို့နယ်သိုလှောင်ရုံ ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်မားခဲ့ပါက ပြည်သူလူထုစားနပ်ရိက္ခာ အဆင်ပြေစေရန်အတွက် အရေးပေါ်စားသုံးဆီများကို သိုလှောင်ထားခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်မားလာချိန် သို့မဟုတ် ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲရှိသည့် အချိန်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုများဖြင့်အတူ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍ သိရသည်။

နိုင်ငံနှင့်အဝှမ်းတွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်မားသည့်အချိန် ပြည်သူများအား ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူးပေးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဆီကုန်သည်များ၊ ဆီလုပ်ငန်းပိုင်ရှင်များနှင့် ပူးပေါင်းပြီး မြစ်သားမြို့နယ် အတွက် ဆီပုံးအရေအတွက်(၂၇၂၀)ပုံး၊ စုဆောင်းထားရှိကြောင်း သိရသည်။   

မြစ်သား (ပြန်/ဆက်)