နတ်မောက်မြို့၌ ထောက်ပံ့ကြေး မရရှိသေးသည့် မသန်စွမ်းသူ (ထပ်တိုး) များအား ထောက်ပံ့ငွေပေးအပ်

နတ်မောက်    စက်တင်ဘာ  ၂၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေး မရရှိသေးသော မသန်စွမ်းသူ (ထပ်တိုး) များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၃) နာရီခန့်က နတ်မောက်မြို့ ရွှေပန်းတော ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးခဲ့ကြသည်။        

ထိုသို့ ပေးအပ်ရာတွင် ရွှေပန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်စောနှင့်စာရေးဝန်ထမ်း တို့က  ရွှေပန်းတော ကျေးရွာရှိ မသန်စွမ်းသူ (၄) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်ကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက် (၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၃) အုပ်စုမှ ထောက်ပံ့ကြေးမရ ရှိသေးသည့် မသန်စွမ်းသူ (ထပ်တိုး) များ (၇၈၀) ဦးရှိပြီး တစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဥမ္မာခင်