ဇလွန် စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စုများသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ပေးအပ်သော Thermal Scanner များ ပြန်လည်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
Thermal Scanner များပြန်လည်ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စု (၁)စုလျှင် (၁) ခုနှုန်းဖြင့် ရပ်ကွက် / ကျေးရွာ အုပ်စု ( ၇၁) အုပ်စုသို့ Thermal Scanner များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ (ဇလွန်)