ဆွမ်ပရာဘွမ် စက်တင်ဘာ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယန်အုပ်စု၊ အင်ဆိုင်းယန်ကျေးရွာ၊ အင်ကောမအုပ်စု၊ အင်ကောမကျေးရွာ၊ ဇနန်ခအုပ်စု၊ ဆူယန်ကျေးရွာ၊ ကဝါးပန် အုပ်စု၊ ကရန်ယန် ကျေးရွာတို့တွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ဘဏ္ဍာရေး နှစ်၊ ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့်တည်ဆောက်သည့် ကျေးရွာခန်းမ (၃)ခုနှင့် စာသင်ကျောင်းလမ်းအတက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများမှာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အဆိုပါ အင်ဆိုင်းယန်ကျေးရွာတွင် ကျေးရွာခန်းမ(အလျား ၅၀ ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေ) ၊ အင်ကောမကျေးရွာတွင် စာသင်ကျောင်းအတက် ကွန်ကရစ်လမ်းခင်းခြင်း (အလျား ၄၅၀ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၆ လက်မ)၊ ဆူယန်ကျေးရွာတွင် ကျေးရွာခန်းမ ( အလျား ၅၀ ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေ) နှင့် ကရန်ယန်ကျေးရွာတွင် ကျေးရွာခန်းမ ကျေးရွာခန်းမ ( အလျား ၅၀ ပေ ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ) တို့ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း (၁၀၀)နှင့် ပြည်သူလူထု ထည့်ဝင်ငွေများစုပေါင်း၍ မေလ ၇ ရက်နေ့မှ စတင်ကာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီနှင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် တာဝန်ယူဆောင်ရွက်ပြီးစီးခြင်း ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။
အဆိုပါလုပ်ငန်းများ ပြီးစီးပြီဖြစ်သည့်အတွက် မြို့နှင့်အလှမ်းကွာဝေးသော ကျေးရွာများတွင် အခမ်းအနားများ၊ ဘာသာရေးပွဲများနှင့် အစည်းအဝေးပွဲများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပြီး နောင်မျိုးဆက်သစ်လူငယ်တွေအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ကုဋေ(ပြန်/ဆက်)