ကျိုက်ထို၊ စက်တင်ဘာ၊ ၂၁
ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ အေးသီတာပိုင်းတွင် ယမန်နေ့ နံနက်(၅) နာရီခွဲ အချိန်ခန့်က ပင်လယ်ဒီရေရိုက်ခတ် မှုကြောင့် နေအိမ်(၁)လုံးနှင့် အိပ်ပျော်နေသူ(၃)ဦး ဒီရေနှင့်အတူ မျှောပါပျောက်ဆုံးသွားကြောင်းသိရသည်။
ယင်းမျှောပါသွားသော နေအိမ်သည် တံငါလုပ်ငန်းလုပ်ကိုင်၍ လွန်ခဲ့သော(၁၀)ရက်ခန့်က ပင်လယ်တွင်းသို့ ငါးဖမ်းဆီးရန် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပင်လယ်ဒီရေရိုက်ခတ်စဉ်တွင် အလျား(၁၀) ပေ၊ အနံ(၁၀)ပေ၊ တောင်ထန်းမိုး၊ ဝါးထရံကာ၊ ဝါးခင်းရှိ နေအိမ်ပေါ်တွင် မိခင်ဖြစ်သူနှင့် ကလေး(၄)ဦး စုစုပေါင်း(၅)ဦးတို့မှာ အိပ်ပျော်နေခဲ့ပြီး ကလေး(၂)ဦးမှာ ဒီရေလှိုင်းမှ ထွက်ပြေး လွတ်မြောက် ခဲ့ကြောင်းနှင့် မိခင်ဖြစ်သူနှင့် သား(၂)ဦးတို့မှာ နေအိမ်နှင့်အတူ စစ်တောင်းမြစ်အတွင်းသို့ မျောပါသွားခဲ့သည်။ မျှောပါသွားသည့် မိခင်ဖြစ်သူနှင့်ကလေး(၂)ဦးတို့အား ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်း များက ရှာဖွေလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်