ဝေါလေမြိုင်မြို့ရှိ ဝင်းဝင်းမြိုင်တံတားတွင် ပိတ်ဆို့လျက်ရှိသော သစ်ပင်သစ်ကိုင်းခြုံနွယ်များအား စုပေါင်းဖယ်ရှား ရှင်းလင်း

ဝေါလေမြိုင် စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိုပိချောင်းမှ တောင်ကျရေများ စီးဆင်းလာ၍ မြဝတီ-ဝေါလေမြိုင် ကားလမ်းမပေါ်တွင်တည်ရှိသော ဝင်းဝင်းမြိုင်တံတားတွင် သစ်ပင်သစ်ကိုင်း ခြုံနွယ်များ ပိတ်ဆို့လျက်ရှိနေသောကြောင့် ယမန်နေ့နံနက်ပိုင်းက စုပေါင်းဖယ်ရှားရှင်းလင်း ခဲ့ကြကြောင်း သိရသည်။

ထိုသို့စုပေါင်းဖယ်ရှားရှင်းလင်းရာတွင် ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်  ဒေသခံပြည်သူများက ဝင်းဝင်းမြိုင်တံတားတွင် ပိတ်ဆို့လျက်ရှိသော ခြုံနွယ်များ အားရှင်းလင်းခြင်းနှင့် သစ်ပင်သစ်ကိုင်းများအား  ချိန်းဆောများဖြင့် ဖြတ်တောက်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)