မန္တလေး၊ စက်တင်ဘာ ၂၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှကာကွယ်ထိန်းချုပ်နိုင်စေရေး လူတိုင်းက နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာကြစေရန်အတွက် အောင်မြေသာစံမြို့နယ် ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကစုပေါင်း၍ နှာခေါင်းစည်း (Msak) များ အခမဲ့ပေးဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲကစတင်၍ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက် ၁၂ လမ်းနှင့် ၇၆ လမ်းထောင့် ကျုံးဘေး၌ ပြုလုပ်ကြသည်။
နှာခေါင်းစည်း (Msak) များ အခမဲ့ပေးဝေရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးသောင်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးမမ၊ အဖွဲ့၀င် ဦး၀င်းအောင် (ရာသက်ပန်အသင်း၀င်)၊ အမရဌာနီ အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်ကင်း၊ ရပ်ကွက်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ခွဲမှူး ရန်လင်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့မှ တပ်စုမှူး အောင်ဝင်းနှင့်တပ်ဖွဲ့ဝင်များ စုစုပေါင်း ၂၅ ဦးတို့က နှာခေါင်းစည်း (Mask) အခုရေ (၅၅၀)ကို လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ပေးဝေခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)