ကျိုင်းလပ်မြို့၌ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ကျိုင်းလပ်      စက်တင်ဘာ   ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အို ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကျိုင်းလပ်မြို့ပေါ်နှင့် ကျေးရွာအုပ်စု ၃ အုပ်စု၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွက် အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အို အဘိုး၊ အဘွား ၁ ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ကျိုင်းလပ်မြို့ပေါ်နှင့် ကျေးရွာအုပ်စု ၃ အုပ်စု၌ သက်ကြီးရွယ်အို ဘိုးဘွား ၃၅ ဦးအတွက် စုစုပေါင်း ငွေကျပ် ၁၀၅၀၀၀၀ ကျပ်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက ကျေးရွာရပ်ကွက်များအလိုက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

ကျော်ဇေယျာလင်း (ပြန်/ဆက်)