ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူရှင်များက PPE ဝတ်စုံနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်များ လာရောက်လှူဒါန်း

ကျောက်ပန်းတောင်း စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လိုအပ်သလို အသုံးပြုနိုင်ရန်အတွက်၊ အလှူရှင်များက PPE ဝတ်စုံ နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လာရောက်လှူဒါန်းလျက်ရှိရာ ယနေ့နံနက် (၉) နာရီက မြို့မတောင်ရပ်ကွက်မှ အလှူရှင်တစ်ဦးက PPE ဝတ်စုံအစုံ (၃၀) နှင့် ပျံကျဈေးတန်း မိသားစုများက PPE ဝတ်စုံ(၁၀)စုံစာအတွက် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကုသရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် Quarantine Centre များတွင် ထားရှိသူများအား နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ ဖတ် (Swab) ယူရာတွင် လိုအပ်လျက်ရှိသည့်၊  PPE ဝတ်စုံနှင့် ကျန်းမာရေးဆိုင်ရာ အထောက် အကူပြု ပစ္စည်းများကို အလှူခံလျက်ရှိပြီး၊ စေတနာရှင် အလှူရှင်များ ကလည်း မြို့နယ်ကော်မတီနှင့် ဆက်သွယ်လှူဒါန်းလျှက်ရှိကြရာ၊ ယနေ့နံနက်က မြို့မတောင်ရပ်ကွက်နေ ဦးလှဆင့် (ဥပဒေအရာရှိငြိမ်း) ဒေါ်စောကြည် မိသားစုက တန်ဘိုးငွေ(၆၆၀၀၀၀)ရှိ PPE ဝတ်စုံ အစုံ(၃၀)၊ ကျောက်ပန်းတောင်းမြို့ မြို့မပျံကျဈေးတန်းမိသားစုများက PPE ဝတ်စုံ(၁၀) စုံစာအတွက် အလှူငွေကျပ်(၂၂၀၀၀၀) တို့ကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ လာရောက်လှူဒါန်းရာ၊ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊ ကော်မတီဝင် ဦးဖြိုးတင့်ခိုင်နှင့် ဦးကျော်သုန်တို့က လက်ခံရယူခဲ့ကြသည်။ ကျောက်ပန်းတောင်းမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လိုအပ်သလို အသုံးပြုနိုင်ရန်အတွက်၊ ယနေ့အထိ အလှူရှင်စေတနာရှင်များက လှူဒါန်းထားရှိမှု မှာ PPE ဝတ်စုံ အစုံ (၂၃၀) ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)