လှိုင် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ပရဟိတ အသင်း(၈)သင်းအား လှိုင်မြို့နယ် တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးနှင့် အလှူရှင်များမှ တစ်သင်းလျှင် (၃၀၀,၀၀၀)ကျပ်နှုန်းဖြင့် ကျပ် (၂,၄၀၀,၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ အလှူရှင်များ ကိုယ်စား လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ထွန်းက ပရဟိတ အဖွဲ့များအား ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
ကြည်ဇေသော် (ပြန်/ဆက်)