ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စားသောက်ဆိုင်နှင့် လက်ဘက်ရည် ဆိုင်များအား သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှ ရှိ/မရှိ စစ်ဆေး

ဘုတ်ပြင်း  စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ မီးသတ်တပ်ဖွဲ့ဝင် များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင် နှင့် လက်ဘက်ရည်ဆိုင်များကို စစ်ဆေးခဲ့သည်။

စစ်ဆေးဆောင်ရွက်ရာတွင် အစားအသောက်ရောင်းချသူများမှလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လိုအပ်သည့် ရောဂါကာကွယ်ရေးပစ္စည်းများ ထားရှိစေခြင်း၊ လိုအပ်ပါက အချိန်တပြေးညီ ညှိနှိုင်းဆောင်ရွက်ဆွေးနွေးသွားရန် စားသောက်ဆိုင်ပိုင်ရှင်များအား တိုက်တွန်းပြောကြားခဲ့ပြီး အခါအားလျှော်စွာ ထပ်မံစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင် အရာရှိထံမှ သိရသည်။

သန်းထွန်းဦး( ပြန်/ဆက်)