တမူးခရိုင်တွင် အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြားရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

တမူး စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်တွင် အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြား ရှိ သာသနာ့ ဝန်ထမ်းများ အပါအဝင် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ထောက်ပံ့ငွေများကို ယနေ့ နံနက်(၉)နာရီ အချိန်မှ စ၍ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရ သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာ တမူးခရိုင် လူမှု့ဝန်ထမ်းဦးစီးဌာနရုံးတွင် ခရိုင်အတွင်းရှိ တမူး၊ ခမ်းပါတ်၊ မြို့သစ်မြို့ တို့မှ ဘိုးဘွား(၃၇၁)ဦးတို့အတွက်  ဘိုးဘွားတစ်ဦးလျှင် (၃၀၀၀၀) ကျပ်နုန်းဖြင့် စုစုပေါင်း (၁၁,၁၃၀,၀၀၀) ကျပ်အား ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများမှတဆင့် ထောက်ပံ့ပေးအပ် လျက် ရှိကြောင်း တမူးခရိုင် လူမှု့ဝန်ထမ်း ဦးစီးဌာနမှ သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)