ပန်းဘဲတန်း စက်တင်ဘာလ ၂၂
ပန်းဘဲတန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်ရည်ရွယ်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်မည့် ကန့်သတ်စောင့်ကြည့် စင်တာတွင် ထားရှိမည့်သူများ နေထိုင်ရန်အတွက် ကုတင်(၅၀)လုံးကို ဦးကျော်ဝင်း (ကြေးအိုးဆောက် လုပ်ရေးနှင့်ထရေးဒင်းကုမ္မဏီလီမိတက်) မှ ယမန်နေ့မွန်းလွဲပိုင်းက လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့လှူဒါန်းရာတွင် ကုတင်(၅၀)လုံးအား မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ အလှူရှင်ကိုယ်စား အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)