မင်းတပ် စက်တင်ဘာ ၂၂
မင်းတပ်ခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မင်းတပ်မြို့ဝင်/ မြို့ထွက် ဂိတ်များ တွင် ထားရှိဆောင်ရွက်နေသော စစ်ဆေးရေးဂိတ်များအား နေ့စဉ်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ ပူးပေါင်းပါဝင်သောအဖွဲ့များသည် နေ့စဉ် နံနက် (၀၇၀၀)နာရီမှ ညနေ(၁၉၀၀)နာရီအထိ အလှည့်ကျတာဝန်ဖြင့် မြို့တွင်း ဝင်ရောက် လာသူများ၏ နေရပ်လိပ်စာများ စာရင်းကောက်ယူခြင်း၊ ခရီးသွားရာဇဝင်များ ကောက်ယူခြင်း၊ အပူချိန် တိုင်းတာခြင်းများကိုဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုအပေါ် နေ့စဉ်စစ်ဆေးကြပ်မတ်ရန် ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအား အဖွဲ့ခွဲ၍ သတ်မှတ်ရက်များအတိုင်း နေစဉ်စစ်ဆေး ကြပ်မတ် ဆောင်ရွက်စေ လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)