ပြင်စလူမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ပြင်စလူ စက်တင်ဘာ ၂၂

ဧရာဝတိတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်  ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ   တတိယအကြိမ် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်() အမှတ်()၊ အမှတ်()   ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ  တတိယအကြိမ် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀/-)ဖြင့် ပြင်စလူမြို့ ရပ်ကွက်များအတွင်းရှိ အိမ်ထောင်စု(၄၈၁)စုအတွက် ထောက်ပံ့ငွေ စုစုပေါင်း ကျပ်(၉,၆၂၀,၀၀၀/-) ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်ဖြိုးသူ (ပြင်စလူ)