မိုင်းဖြတ်၌ Facility Quarantine ခံယူနေသူနှစ်ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား နမူနာရယူစစ်ဆေး

မိုင်းဖြတ်  စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်   Facility Quarantine ခံယူ နေသူနှစ်ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့မွန်းတည့် ၁၂နာရီ က နမူနာရယူခဲ့ပြီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေး ထားကြောင်းသိရသည်။

စောင့်ကြည့်လူနာနှစ်ဦးမှာ အသက်၂၇နှစ်အရွယ်နှင့်  အသက်၃၀နှစ်အရွယ်တို့ဖြစ်ကြပြီး  အဆိုပါ အမျိုးသားနှစ်ဦးသည် ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၁ရက်က မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့ ရွှေပြည်သာမှ မိုင်းဖြတ်မြို့သို့ရောက်ရှိခဲ့ပြီး Facility Quarantine ခံယူကာ  ၎င်းတို့၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်ကို နမူနာရယူ၍ ရန်ကုန်မြို့၊ အမျိုးသားကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးထားသည်။ အဆိုပါ အမျိုးသားနှစ်ဦးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့်ရောဂါလက္ခဏာများ တစ်စုံတစ်ရာမရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

သန်းထွန်းအေး(ပြန်/ဆက်)