မင်းကင်းမြို့နယ်အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၉၄၅၄)တို့ အား တတိယအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်

မင်းကင်း စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ၊  ကလေးခရိုင် ၊   မင်းကင်းမြို့ နယ်အတွင်းရှိ    ကိုဗစ်-၁၉  ကပ်ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမ ရှိသော အခြေခံလူတန်းစား  အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရမှ ယနေ့ နံနက်ပိုင်းတွင် တတိယအကြိမ်မြောက် ထောက်ပံငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ပေးအပ်ခဲ့ကြသည်။
မင်းကင်းမြို့နယ်အတွင်း  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၉၄၅၄)ရှိရာ ထောက်ပံ့ငွေ စုစုပေါင်းကျပ်သန်း (၁၈၉ ဒသမ ၀၈)ဖြစ်ကြောင်း သိရသည် ။
လှငွေ(မင်းကင်း)