ကလေးမြို့ပေါ်ရှိ မီးခွက်ဈေးတွင် Mask Campaign ပြုလုပ်ဆောင်ရွက်

ကလေး စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပေါ်ရှိ မီးခွက်ဈေးတွင် ဈေးသူ/ဈေးသားများနှင့် ဈေးဝယ် ပြည်သူများအား ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကလေးခရိုင်အုပ်ချုပ်ရေးမှူး နှင့်ဝန်ထမ်းများက ယနေ့ နံနက် ၅  နာရီအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များအား အသိပညာပေး ဆွေးနွေးကာ Mask များဖြန့်ဝေပေး ခြင်း(Mask Campaign)ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ကြရာတွင် ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ဦးနှင့် ဦးစီးအရာရှိများ၊ ရုံးဝန်ထမ်းများသည် ကလေးမြို့နယ် မီးခွက်စျေးသို့ သွားရောက်ပြီး စျေးသူစျေးသားများ၊ စျေးဝယ်ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး စျေးသူစျေးသားများ၊ စျေးဝယ်ပြည်သူများအား Mask များစနစ်တကျမှန်ကန်စွာတပ်ဆင်ကြစေရန် အသိပညာပေးခြင်းနှင့် Mask များဖြန့်ဝေပေးခြင်း(Mask Campaign)ကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
မာန်လမ့်တွောင်(ပြန်/ဆက်)