မေတ္တာ၊ စက်တင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကိုဗစ်−၁၉ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးခဲ့ကြသည်။
ထို့သို့ စစ်ဆေးရာတွင် မေတ္တာမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မ တီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း၊ စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူး ဦးတင်အောင်လတ်နှင့် သက် ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့တို့က မေတ္တာမြို့ရှိ စားသောက်ဆိုင်များနှင့်ကုန်စုံဆိုင်များအား ဆိုင်အတွင်း လက်ဆေးဘေစင်နှင့်လက်သန့်ဆေးရည်များထားခြင်း ရှိ/ မရှိ၊ ဆိုင်ပိုင်ရှင်များ (Mask)တပ်ဆင်ရေးနှင့် စားသုံးသူများအား တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးများထားရှိခြင်း ရှိ/မရှိတို့ကို ရှောင်တခင်စစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအပေါ် လိုက်နာမှုမရှိပါကပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ်မလိုက်နာပါက ဆိုင်(၃)ရက်ပိတ်သိမ်းစေခြင်းနှင့် တတိယအကြိမ်မလိုက်နာပါက အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရန်နောင်စိုး (မေတ္တာ-ပြန်/ဆက်)