ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်ကျေးရွာတွင် မျိုးမြေပဲ စိုက်ခင်းများ အောင်မြင်ထွန်း၍ အထွက်နှုန်း ကောင်းသော်လည်း ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်းသိရသည်။
မျိုးမြေပဲများကို ဇွန်လမှ စတင်စိုက်ပျိုးခြင်းဖြစ်ပြီး မိရိုးဖလာ စိုက်ပျိုးနည်းအပြင ်သိပ္ပံနည်းကျ စနစ်တကျ ဆေးဖြန်းခြင်း၊ မြေဆီ ကျွေးခြင်း၊ ပေါင်းမြက်ရှင်းခြင်းတို့အား သတ်မှတ်ထားသည့် ရက်အတိုင်း ဆောင်ရွက်ခြင်းကြောင့် အောင်မြင်ဖြစ်ထွန်းခဲ့ခြင်း ဖြစ်သည်။
မျိုးမြေပဲများ အောင်မြင်ဖြစ်ထွန်းခြင်းနှင့် ပတ်သက်၍ တောင်သူ ဦးမြင့်ဇော်ဦးက မျိုးမြေပဲ ၁ တင်းကို ငွေကျပ် (၂၂၀၀၀/-) ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး မြေပဲ ၁ ဧက စိုက်ပျိုးလျှင် အနည်းဆုံး တင်း ၆၀၊ အများဆုံး တင်း ၈၀ ထိ ထွက်ရှိကြောင်း၊ ယမန်နှစ်ကမြေပဲ ဈေးနှုန်းမှာ၁ တင်းငွေကျပ် (၁၄၅၀၀/-)၊ (၁၅၀၀၀/-)ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း မြေပဲစိုက် တောင်သူများအနေဖြင့် ဈေးကောင်း ရရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)