ဟိုပန်မြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

ဟိုပန်    စက်တင်ဘာ   ၂၃

“ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေး (၁/၂၀၂၀)ကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန် က ဟိုပန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းဝေးတွင် ဟိုပန်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းမှ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်း တာဝန်(၁၂)ချက်နှင့် ကော်မတီ၏ သက်တမ်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အတွင်းရေးမှူး ဦးအဲလီရှဲမှ ယခုဖွဲ့စည်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် ရွေးကောက်ပွဲကာလတွင် ပေါ်ပေါက်လာမည့် ပြဿနာအရပ်ရပ်ကို အချိန်ကုန် သက်သာ၊ ငွေကုန်ကြေးကျသက်သာစွာဖြင့် စေ့စပ်ညှိနှိုင်းပေးရမည့် ကော်မတီဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီသည် အဆုံးဖြတ်ပေးသည့် ကော်မတီမဟုတ် အငြင်းပွားမှုဖြစ်သည့်ပါတီ (၂)ခုလုံး သဘောတူညီမှု ရရှိသည်အထိ စေ့စပ် ညှိနှိုင်းပေးသည့် ကော်မတီသာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းဝေးသို့တက်ရောက်လာသော ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် ဩဇာတိက္ကမရှိသူများမှ မိမိတို့သိရှိလိုသည်များကို အသီးသီးပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ မြို့နယ်တွင်း ဩဇာတိက္ကမရှိသူများ စုစုပေါင်း (၂၇) ဦး ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)