လားရှိုးမြို့အဝင် ခေးနင်းတိုးဂိတ်နှင့် မြို့ရှောင်လမ်းတိုးဂိတ်များ ဖြတ်သန်းခွင့်ပြုချိန်များ ပြောင်းလဲသတ်မှတ်

လားရှိုး   စက်တင်ဘာ    ၂၃

ရှမ်းပြည်နယ် ကိုဗစ်− ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ (တောင်ကြီးမြို့)၏ ညွှန်ကြားချက်များအရ တာဝန်ရှိသူများ၊ လူနာများနှင့် ကုန်စည် စီးဆင်းမှု မပြတ်လတ်စေရေးအတွက် ကုန်တင်ယာဉ်များ မှအပ ကျန်မော်တော်ယာဉ်များအား ည(၉)နာရီမှ နံနက်(၆)နာရီအထိ ဖြတ်သန်းခွင့် လုံးဝမပြုကြောင်း ယမန်နေ့ညနေ (၄)နာရီခွဲအချိန်က သိရှိရသည်။

စက်တင်ဘာ (၂၀)ရက်နေ့မှစတင်ကာ လားရှိုးမြို့သို့ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးအတွက် စစ်ဆေးလျက်ရှိသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ခေးနင်းတိုးဂိတ်နှင့် မြို့ရှောင်လမ်းတိုးဂိတ်များတွင် စစ်ဆေးလျက်ရှိနေပြီး ခေးနင်းတိုးဂိတ်တွင် နံနက်(၆)နာရီမှ ည (၁၀)နာရီအချိန်အထိ လည်းကောင်း၊ မြို့ရှောင်လမ်းတိုးဂိတ်အား နံနက်(၆)နာရီမှ ည(၉)နာရီခွဲအချိန်အထိ ဖြတ်သန်းခွင့်ပြုလျှက်ရှိမည်ဖြစ်ပြီး ကျန်အချိန်များ၌ ရှမ်းပြည်နယ် ကိုဗစ်− ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ (တောင်ကြီးမြို့)၏ ညွှန်ကြားချက်များအရ တာဝန်ရှိသူများ၊ လူနာများနှင့် ကုန်စည်စီးဆင်းမှု မပြတ်လတ်စေရေးအတွက် ကုန်တင်ယာဉ်များသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း လားရှိုးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်းထံမှ သိရှိရသည်။

ဟန်ဌေး(လားရှိုး)