ကလိန်အောင်၊ စက်တင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ဝင်ရောက်လာသော ခရီးသွားပြည်သူများအား ခရီးသွားထောက်ခံချက်စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းရယူခြင်း လုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သော ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများကပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)