ရေဖြူမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရေဖြူ၊ စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရေဖြူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်အတွင်း နေရပ်ပြန်စောင့်ကြည့်သူများထားရှိသည့် Facility Quarantine Centre များတွင် ဌာနဆိုင်ရာဝန်ထမ်းများ ဂျူတီချထားမှု၊ မလွဲတောင်စစ်ဆေးရေးဂိတ်တွင် အလှည့်ကျ တာဝန်ထမ်းဆောင်ရေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာသည့်အခါ ကွင်းဆင်းကြီးကြပ်နိုင်ရေးနှင့် ဆန္ဒမဲပေးသည့်မဲရုံများတွင် ဝန်ထမ်းများအားတာဝန်ချထားမည့် အခြေ အနေတို့ကို ဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းထွန်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။
ဖြူဖြူရှိန်(ရေဖြူ ပြန်/ဆက်)