သီပေါ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းများဖွင့်လှစ်ရာတွင် အသုံးပြုနိုင်ရန်အတွက် ခြေနင်းလက်ဆေးဘေစင်နှင့် လက်ဆေးဆပ်ပြာရည်ဗူးများကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) လားရှိုးအခြေစိုက်ရုံးခွဲမှ ယမန်နေ့နံနက်ပိုင်း က မြို့နယ်ပညာရေးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ခြေနင်းလက်ဆေးဘေစင် (၂၅၅)စုံနှင့် လက်ဆေးဆပ်ပြာရည် (၂၅၅၀)ဗူးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ လားရှိုးအခြေစိုက်ရုံးခွဲမှ တာဝန်ရှိသူများက မြို့နယ်ပညာရေးမှူး ဦးထိန်လင်းထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၃)ကျောင်း၊ အလယ်တန်းကျောင်း (၃)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၇)ကျောင်းနှင့် မူလတန်းလွန်ကျောင်း (၂၄)ကျောင်း၊ စုစုပေါင်း(၅၆)ကျောင်း တို့အား ထပ်ဆင့်ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)