အောင်လံ စက်တင်ဘာလ ၂၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်ကို (၃) လတစ်ကြိမ် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် အမျိုးသားလူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် (၁၁) နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ ကြောင်းသိရသည်။
ထိုသို့ ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ပြီး တာဝန်ရှိသူများမှ အောင်လံ မြို့နယ် အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၁)အုပ်စုမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား (၁၂၉၉)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်ဖြင့် ငွေကျပ်−၃၈၉၇၀၀၀၀/- (ကျပ်သုံးရာရှစ်ဆယ့်ကိုးသိန်းခုနှစ်သောင်းတိတိ) ကို အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)