မိုင်းရှူး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် နိုင်ငံတော်အစိုးရက ထောက်ပံ့သည့် တတိယအကြိမ်ထောက်ပံ့ငွေ များကို စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ ယမန်နေ့အထိ ပြည်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် မိုင်းရှူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများက မိုင်းရှူးမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၇)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၄၇၆၈)စုအတွက် အိမ်ထောင်စုတစ်စုလျင် ငွေကျပ် (၂ဝဝဝဝ)နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် (၉၅၃၆၀၀၀၀)ကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)