ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းရေလှောင်တမံအတွင်းသို့ ငါးမျိုးများစိုက်ထည့်

ဇေယျာသီရိ   စက်တင်ဘာ  ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါများရေး၊ ငါးစားသုံးမှုမြင့်မားရေး၊ ကျေးလက်နေ ပြည်သူများဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဆည်၊ တာတမံများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်း က ဇေယျာသီရိ မြို့နယ်၊ ရေဆင်းရေလှောင်တမံအတွင်း ဆောင်ရွက်ခဲ့သည်။               

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေး နှင့်တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူး ဦးဇော်သန်း၊ ရေဆင်းငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစိုးပိုင်၊ ဇေယျာသီရိမြို့နယ် ဆည်မြောင်းဦးစီးမှူး ဦးချစ်ကြည်မောင်နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ရေဆင်းရေလှောင်တမံအတွင်းသို့ ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀) စိုက်ထည့်ပေးခြင်းအပြင် ငါးမျိူးပြုန်းတီးမှုမရှိစေရေးအတွက် ဘက္ထရီရှော့တိုက်၍ ငါးဖမ်းခြင်း မပြုရန်နှင့် တွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း(ဇေယျာသီရိ၊ပြန်/ဆက်)