မိုင်းဖြတ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းရွှေ၊ ဒေါက်တာကျော်မျိုးဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့် က Facility Quarantine Centre အဖြစ် ထားရှိမည့် အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား) ကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ Facility Quarantine Centre တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာမှာ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ကြမည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများမှ မြို့နယ်ပြင်ပမှ ပြန်လည်ရောက်ရှိလာမည့် ဆရာ၊ ဆရာမများကို အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား) ကျောင်းတွင် ထားရှိ နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Facility Quarantine Centre ၌ ထားရှိရာတွင် ဆရာများကို အထက(ဟိုနာ)၌ ၂၀ကျော်အတွက် လည်းကောင်း၊ ဆရာမများကို အထက(မိုင်းဖြတ်)၌ ၈၀ကျော်အတွက်လည်းကောင်း ဆောင်ရွက်ထားရှိပြီး Quarantine ဝင်ရာတွင် မိမိစရိတ်ဖြင့်သာ ဝင်ရမည်ဖြစ်ကြောင်း၊ သောက်သုံးရေ၊ လျှပ်စစ်မီးနှင့် နေထိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ထံက သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)