ထားဝယ်၊ စက်တင်ဘာ ၂၃
ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ခရိုင်/မြို့နယ်/ ရဲစခန်းများအသီးသီးမှ ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်း၍ အများပြည်သူအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကို ထိထိရောက်ရောက်ကာကွယ်ထိန်းချုပ်နိုင်ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန်စသည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုနောက် ရဲတပ်ဖွဲ့ဝင်များကလူစည်ကားသည့်နေရာများဖြစ်သော စည်ပင်သာယာဈေးများ၊ မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်များ၊ မော်တော်ယာဉ်ဂိတ်များနှင့် လမ်းဆုံလမ်းခွများတွင် ကျန်းမာရေးစစ်ဆေးမှုများပြု လုပ်ပေးခြင်းနှင့်အသိပညာပေးခြင်း၊ Mask များ ဖြန့်ဝေတပ်ဆင်ပေးခြင်း၊ Mask တပ်ဆင်ခြင်းမရှိဘဲသွား လာနေသူများအား အရေးယူဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မပျက် ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့အပြင် ညပိုင်းအချိန်တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းအပေါ် ပြည်သူများလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိအား လှည့်ကင်းများဖြင့် လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိရာ ဖောက်ဖျက်ကျူးလွန်သူ မြိတ်မြို့တွင်(၄)ဦးဖမ်းဆီးရမိသဖြင့် ၎င်းတို့အား အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထားဝယ်(ခရိုင်ပြန်/ဆက်)